ခရီးသွားပြီး အသားအရည် ပျက်စီးသူများအတွက် ပေါင်းတင်နည်း (၁၀) မျိုး
09-Jan-2019 ပျိုမေလေးတို့ မျက်နှာအလှအပအတွက် တစ်ပတ်တစ်ခါ ပြုလုပ်ပေးသင့်တဲ့ မျက်နှာပေါင်းတင်နည်း ၁၀ မျိုးကို အသားအရေအမျိုးအစားအလိုက် ပြောပြပေးပါ့မယ်ရှင့်
၁။ စိုပြေလှပသော မျက်နှာအသားအရေလေးရရှိစေရန် ပေါင်းတင်နည်း
ခရမ်းချဉ်သီး (၁)လုံး + နွားနို့ (၂) ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ အိပ်ရာမဝင်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။
၂။ ဝက်ခြံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ကြက်ဥအကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ ။
၃။ ဝက်ခြံ အမဲစက်ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂) ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။
၄။ မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ကော်ဖီ (၂) ဇွန်း + ပျားရည် (၂) ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ ။
၅။ နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ ။
၆။ အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ ။
၇။ မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း
ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်းကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
၈။ ခြောက်သွေ့သော အသားအရေရရှိစေရန် ပေါင်းတင်နည်း
လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ ။
၉။ ကြည်လင်သော အသားအရေရရှိစေရန် ပေါင်းတင်နည်း
နနွင်း ၄ ပုံ ၁ ပုံ (စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်းကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။
၁၀။ အမဲစက်များအတွက် Deep Cleaning ပေါင်းတင်နည်း
ဂျုံမှုန့် (၁)ဇွန်း + ဒိန်ချဉ် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။
Credit : Original